19 October

အောင်ငြိမ်းချမ်း (သို့) Enchax (ရန်ကုန်၊ ၂၀၀၀ ဖွား) ဟာ ကြော်ငြာလောကမှာ ဒစ်ဂျစ်တယ်ပိုင်းတွေကိုဖန်တီးရင်း ကျင်လည်ဖြတ်သန်းလျက်ရှိသူဖြစ်ပါတယ်။ ဖခင်ပန်းချီဆရာ မိခင်စာရေးဆရာတို့နဲ့ ကြီးပြင်းလာသူဖြစ်ပြီး သူ့ရဲ့ အနုပညာလက်ရာပေါင်းများစွာဟာ အသိအမှတ်ပြုခံရမြဲဖြစ်ပါတယ်။ သူဟာ Strategy First တက္ကသိုလ်မှာ Business Information Technology ဘာသာရပ်ကို သင်ယူရင်း သူ့ဆီမှာကိန်းအောင်းနေတဲ့ ဖန်တီးနိုင်စွမ်းတွေကို စတင်သိမြင်လာ အကောင်အထည်ဖော်လာတာဖြစ်ပါတယ်။ ပထမနှစ်မှာတုန်းက သူနဲ့သူငယ်ချင်းတစ်စုဟာ Myanmar Youth Technopreneurship Development Program လို့အမည်ရတဲ့ တီထွင်မှုအခြေပြု စီးပွားရေးလုပ်ငန်းပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ကြပြီး နိုင်ငံအနှံ့မှ ပြိုင်ပွဲဝင်ပေါင်းမြောက်မြားစွာကို ဖြတ်ကျော်ရင်း ဆန်ခါတင် top 5 စာရင်းဝင်အဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့ကြပါတယ်။ Augmented reality ဟာ သူ့ရဲ့စိတ်ကူးပုံရိပ်တွေကို ကမ္ဘာလောကကြီးထဲ ဆွဲခေါ်လာနိုင်မှန်း စသိလာချိန်မှာ AR နည်းပညာကို စိတ်ဝင်စားစပြုလာပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ရင်ခုန်ပျော်ရွှင်ဖွယ်ဖော်ကျူးထားတဲ့ Instagram၊ Facebook နဲ့ Snapchat filter တွေကို ၂၀၂၀ ကတည်းက စတင်ဖန်တီးခဲ့ပါတယ်။ AR filter တွေကိုဖန်တီးရင်းနဲ့ သူဟာ lenslist.co မှာ လူငယ်ခြေတက် AR ဖန်တီးသူတစ်ဦးအဖြစ် စာရင်းဝင်လာပါတယ်။ ၂၀၂၁ မှာ Facebook က ကျင်းပခဲ့တဲ့  F8 Refresh: hackathon မှာလည်း ပြိုင်ပွဲဝင်ခဲ့ပါတယ်။

Enchax Aung Nyein Chan or Enchax (Yangon, 2000), is a digital creator with a demonstrated history working in the marketing and advertising industry. Having grown up with his father and mother being respectively an artist and an author, he has always been enchanted by numerous artistic forms. The curiosity of exploring his creative potential was sparked with studying Business Information Technology in Strategy First University. In his freshman year, he set a record with his friends as one of the top five finalists among thousand teams from around Myanmar in an innovative business competition called Myanmar Youth Technopreneurship Development Program. When he initially found that augmented reality could bring his imagination into the real world, he became interested in AT technology. Since 2020, he has been creating Instagram, Facebook and Snapchat filters that capture the vibrancy of Burmese culture through excitement. Through the creation of AR filters, he has become a rising AR creator on lenslist.co. He actively participated in F8 Refresh: hackathon hosted by Facebook as a contestant in 2021.

18 - 19 October

Enchax
Taste of Burma
Augmented Reality 
2021

Instagram နဲ့ FB filter တွေဟာ AR application တွေဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ virtual object (ပုံရိပ်ယောင် အရာဝတ္ထု တွေကို သက်ရှိဘေးပတ်ဝန်းကျင်နဲ့ အပြန်အလှန်သက်ရောက်မှုရှိစေနိုင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ အစားအစာဟာ တစ်ကမ္ဘာလုံးကလူတွေ ခံစားနားလည်နိုင်တဲ့အရာဖြစ်ပြီး လူသားတွေကို နည်းလမ်းအမျိုးမျိုးနဲ့ စုစည်းစေတဲ့ အရာဖြစ်ပါတယ်။ စိတ်အာဟာရ ခန္ဓာအာဟာရလည်းဖြစ်ပါတယ်။ ကျွန်တော့်လက်ရာမှာတော့ မြန်မာအစားအစာနဲ့ AR နည်းပညာကိုပေါင်းစပ်ခြင်းအားဖြင့် မြန်မာတို့ရဲ့ အစားအစာယဉ်ကျေးမှုကို ပရိသတ်ကြီးနဲ့ ထိတွေ့ပေးထားတာဖြစ်ပါတယ်။ မြန်မာတို့ရဲ့အစားအစာယဉ်ကျေးမှုကို နည်းနည်းလေးသိတာနဲ့တင် မြန်မာအစားအစာကို မြတ်နိုးတန်ဖိုးထားနိုင်လာပါလိမ့်မယ်။ ဒီ AR filter က ပရိသတ်ကြီးမြည်းစမ်းသင့်တဲ့ မြန်မာအစားအစာတွေကို ကြုံသလိုရွေးချယ်ပေးပြီး မြန်မာ့အရသာကို သိစေမှာဖြစ်ပါတယ်။ Camera နဲ့ record ခလုတ်ကိုနှိပ်ပြီး အစားအစာတွေ အကြောင်းရှင်းလင်းချက်အသေးစားလေးကို ကြည့်ရှုလိုက်ပါ။ Filter ကို အသုံးပြုပြီး story လေးကို share လုပ်ရင်း၊ မိတ်ဆွေတွေကိုလည်း စမ်းကြည့်ကြဖို့ တိုက်တွန်းရင်း မြန်မာ့ယဉ်ကျေးမှုကို ပျော်ရွင်စွာ ဆက်လေ့လာလိုက်ပါ။ ကျွန်တော်တို့ကို tag တွဲဖို့လည်း မမေ့ပါနဲ့။ ဒါမှ ကျနော်တို့လည်း share နိုင်မှာပါ။

‘Taste or Burma’. Instagram and Facebook filters are a form of Augmented Reality (AR) application that allows users to manipulate their surroundings or interact in real-time with virtual objects. Food is a universal language that people from all around the world can relate to and enjoy. In a variety of ways, food brings people together. It’s soul and body nourishment. For this project, the artist wants viewers to get a flavor of Myanmar’s culture by combining Burmese food with AR technology, to help people appreciate Myanmar’s cuisine. This AR Filter randomly picks the Burmese food one should try out in order to get to know the taste of Myanmar. Hit the record button on the camera to activate the mini food tour guide in your pocket. Share a story with your followers and inspire them to try out the AR Filter to learn more about Burmese culture while having fun!

21 October

Nyein Chan Aung 

ဒေါက်တာငြိမ်းချမ်းအောင်ဟာ ဆုရ Industrial Designer လည်းဖြစ် အနုပညာရှင်လည်းဖြစ်ပါတယ်။ လက်ရှိမှာ Monash University ရဲ့Design Health Collab မှာ အကြီးတန်း ဒီဇိုင်းသုတေသီအနေနဲ့ ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာဌာန၊ ဆေးဝါးနည်းပညာဌာနတို့မှာ ကြီးကြပ်လျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ် Monash University ကနေ Industrial Design နဲ့ PhD ဘွဲ့ရခဲ့ပြီး၊ အဲ့ကျောင်းမှာ သူဟာ ရိုးရိုးတန်းခရီးသည်များ အိပ်စက်ရပိုအဆင်ပြေစေတဲ့ လေယာဉ်ကိုယ်ထည်ကို ဒီဇိုင်းဆွဲခဲ့ပါတယ်။ သူဟာ Creative Victoria Creators Fund (2020)၊ Melbourne International Arts Festival၊ Art Trams (2019 Launch Tram) နဲ့ the TEAGUE PhD Design Research Scholarship (2015) စသဖြင့် မှတ်တိုင်များစိုက်ထူခဲ့ပြီးဖြစ်ပါတယ်။ သူဟာ ဖန်တီးမှုလုပ်ငန်းတွေ ဖန်တီးမှုလက်ရာတွေနဲ့ ကမ္ဘာကြီးနဲ့ကြားက ဆက်သွယ်ချက်ကို အနုပညာအမြင်နဲ့ စိတ်ဝင်စားသူဖြစ်ပါတယ်။ ၁၂နှစ်သားလောက်ကတည်းက ပုံဆွဲပန်းချီဆွဲ ပန်းပုထုခဲ့သူဟာ ယနေ့မှာတော့ digital ပစ္စည်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးနေပြီဖြစ်ပါတယ်။ (အသက်ဓာတ်လေးတစ်ဖြစ်လည်းဇနီးဖြစ်သူ၊ အဆော့မက်တဲ့သားဖြစ်သူ ၊ လူနှစ်ယောက်မနည်းစောင့်ရှောက်နေရတဲ့ ပန်းပင်ပေါင်းများစွာနဲ့ အတူ Cheltenham မှာ နေထိုင်လျက်ရှိပါတယ်။

Dr Nyein Chan Aung is an award-winning Industrial Designer and Artist. Nyein is currently a Senior Design Researcher at Monash University’s Design Health Collab, where he oversees high-impact healthcare services and med-tech designs.

Nyein completed his Industrial Design PhD in 2018 at Monash University, where he designed an aircraft cabin that improves sleep for economy class passengers. Nyein’s selected accolades include Creative Victoria Creators Fund (2020), Melbourne International Arts Festival, Art Trams (2019 Launch Tram) and the TEAGUE PhD Design Research Scholarship (2015).

Nyein has an artistic interest in the relationship between creative professionals, created things, and the world. He started drawing, painting, and sculpting when he was around twelve years old, and today, he works with a vast range of digital and traditional tools. Nyein currently lives in Cheltenham with his wife (and muse), their very playful son and way too many plants for two people to look after.

20 - 21 October

Nyein Chang Aung
Pyit Taing Htaung and The Steel Orchids
Mp4 videos
2021

အစိုးရနဲ့သဘောထားကွဲလွဲမှုရှိသမျှ အနုပညာ၊ ဖန်တီးဖွဲ့စည်းမှုအနုပညာနဲ့ ကျနော်တို့ရဲ့ဘိုးစဉ်ဘောင်ဆက်အမွေအနှစ်တွေကို မီးပြင်းတိုက်ခံရတဲ့ လုံခွက်လိုအရပ်ဒေသကနေ ကျနော်လာခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ် နှစ်စပိုင်းမှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ဒီမီးစဟာ မြန်မာပြည်သားများသာမက ကမ္ဘာအရပ်ရပ်က မြန်မာများဆီကိုပါ အုံကြွမှုအဖြစ်မီးပွင့်စေတော့တာပါပဲ။ မြန်မာစစ်တပ်ဟာ လူထုရဲ့တော်လှန်အုံကြွမှုကို ပြောပြလို့မတတ်အောင်ကိုပဲ အလွန်ရက်စက်ကြမ်းကြုတ်လှစွာ ဖိနှိပ်ဖြိုခွဲဖို့ကြိုးစားပင်မယ့် သူမတူတဲ့ လူထုရဲ့ခုခံတော်လှန်မှုတွေသာပဲပေါ်ပေါက်ခဲ့ပါတယ်။ အနုပညာရပ်များ၊ သိပ္ပံပညာရပ်များ၊ နည်းပညာများ၊ သိုင်းဝိုင်းစုစည်းမှုများ နဲ့ စိတ်ဝိဉာဉ်ခွန်အားဆိုင်ရာ တွေ့ဆုံမှုအသစ်တွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ကိုယ်ပိုင်ဝိသေသ၊ တာဝန်ယူမှု၊ ကိုယ်စားပြုရပ်တည်မှုဆိုင်ရာ မေးခွန်းများစွာဟာ တွန်းခါဆောင့်နှိုးလိုက်သလို ကျနော့်ဆီမှာပေါ်လာပါတယ်။ အနုပညာ၊ ဒီဇိုင်း နဲ့ နည်းပညာရပ်အကြား တသီတသန်းကြီး ဖြတ်သန်းစီးဆင်းသွားတဲ့ analog နဲ့ digital နည်းပညာတွေနဲ့ ကျနော်စွဲကိုင်ထားတဲ့အနုပညာဟာ တော်လှန်ရေးကရိယာတန်ဆာပလာအဖြစ် ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာကို ကျနော်ရှာစူးစမ်းဖွေကြည့်ချင်ပါတယ်။ ဒီဂျစ်တယ်ပန်းပုတွေ၊ ဒီဂျစ်တယ်ဒီဇိုင်းတွေ၊ ဒီဂျစ်တယ်ပန်းချီတွေ၊ ဒီဂျစ်တယ်ပန်းပုတွေ၊ ဒီဂျစ်တယ်ရုပ်ရှင်တွေအပြင် လက်ရှိဖန်တီးတင်ဆက်လက်စအလုပ်တွေနဲ့ မှတ်တမ်းတင်ထားတဲ့ဖန်တီးမှုအလုပ်တွေလည်းအပါအဝင်ပေါ့။

The Pyit Taing Htaung, a traditional Burmese toy literally means “each time you throw it, it stands up”. The toy teaches Burmese children from a young age about resilience, perseverance, and to pick oneself up or to never give up. The Pyit Taing Htaung is seen here as a digital device meant for people of all ages. It continues to remind us all to persevere. 

Elegant but indestructible Orchids of steel are arising from a crucible of fire. This is the artist’s way of showing his utmost respect and adoration to women of Myanmar.

23 October

BOUHINGA ဟာ ရန်ကုန်မှာဖွဲ့စည်းခဲ့တဲ့ အနုပညာအဖွဲ့ဖြစ်ပြီး အမြင်ဆိုင်ရာ အနုပညာသမား၊ ဂီတသမား၊ ဖက်ရှင်သမားတို့ပါဝင်ပါတယ်။ အဖွဲ့ဝင်တွေဟာ မြန်မာ၊ ထိုင်း နဲ့ အင်္ဂလန်တို့မှာ နေထိုင်ကြပါတယ်။ နေရပ်တွေမတူကြပေမယ့် BOUHINGA အဖွဲ့ဟာ သီချင်းအသစ်တွေ ပရောဂျက်အသစ်တွေဆက်လက်ဖန်တီးနေပါတယ်။ အဖွဲ့ဝင်ကတော့ koso၊ Rico၊ Pinky၊ Poscoe Digital (Music)၊ Pyae Phyo Thant Nyo၊ Bryan Wintz (Visuals) နဲ့ Lynn La Yaung (Fashion) တို့ဖြစ်ကြပါတယ်။

BOUHINGA is an artist collective formed in Yangon, composed of individuals whose media are visual arts, music, and fashion. Its members can now be found in three different countries; Myanmar, Thailand, and England. Although not in the same location, BOUHINGA continues to release new singles and work on new projects.

22 - 23 October

BOUHINGA
Music Performance
2021

လန်ဒန်အခြေစိုက် BOUHINGA အဖွဲ့ဝင်များဖြစ်ကြတဲ့ စိုး (ကိုစို) နဲ့ ပြည့်ဖြိုးသန့်ညို တို့ရဲ့ လက်တန်းတပိုင်း ဂီတတီးခတ်မှုနဲ့ ပန်းချီရေးဆွဲတင်ဆက်မှုဖြစ်ပါတယ်။ စိုးရဲ့ ထုတ်လုပ်ဖြန့်ချီပြီးသား နဲ့ မဖြန့်ချီရသေးတဲ့ BOUHINA တေးသီချင်းများနဲ့တင်ဆက်နေချိန် တပြိုင်တည်းမှာပဲ ဖြိုးရဲ့ လက်တန်းပန်းချီရေးဆွဲမှုကို ကြည့်ရှုခံစားနားဆင်ကြရမှာဖြစ်ပါတယ်။

စိုး နဲ့ ဖြိုးတို့နှစ်‌ယောက်စလုံးဟာ မြန်မာပြည်မှာပဲ နေထိုင်ကြီးပြင်းခဲ့ကြသူများဖြစ်ပြီး မြန်မာ့ဓလေ့ယဉ်ကျေးမှု နဲ့ နက်ရှိုင်းတဲ့ ထုံးတမ်းစဉ်လာများကို ယခုတိုင် အကျွမ်းတဝင်ဖက်တွယ်ထားသူများဖြစ်ကြောင်း သူတို့ရဲ့ပေါင်းစပ်တင်ဆက်မှုတွေဆီကတဆင့် တွေ့မြင်ရှုစားကြရမှာဖြစ်ပါတယ်။

The London-based members of BOUHINGA, Soe (koso) and Pyae Phyo Thant Nyo, stage a semi-improvisational performance involving music and painting. While Soe performs released+unreleased BOUHINGA songs, Phyo is painting live. Both Soe and Phyo grew up and have lived in Myanmar, and they are still very much in touch with the Burmese culture and the deeper mythology of it, which they incorporate in their performance.

24 October

မိုးစက် (ရန်ကုန် ၁၉၈၃ ဖွားဟာ ကွန်ဆက်ကျူရယ်အနုပညာရှင်၊ ပါဖောင်းမင့်အနုပညာရှင်ဖြစ်ပြီး ပြပွဲစီစဉ်သူလည်းဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ Beyond Pressure ဆိုတဲ့ နိုင်ငံတကာပါဖောင်းမင့်ပွဲတော်ကို မြန်မာနိုင်ငံမှာ သူတည်ထောင်ကျင်းပခဲ့ပါတယ်။ သူ့လက်ရာတွေဟာ ဓာတ်ပုံ၊ ပန်းပု၊ ဗီဒီယို နဲ့ အသံအင်စတော်လေးရှင်း စသဖြင့် မီဒီယာမျိုးစုံဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအောက်က မြန်မာနိုင်ငံရဲ့ ထိရှလွယ်တဲ့ လူမှုရေး နိုင်ငံရေးပြဿနာတွေ (လူ့အဖွဲ့အစည်းထဲက ဘာသာရေးရဲ့ အခန်းကဏ္ဍ၊ ပုဂ္ဂလိက အခန်းကဏ္ဍ စသဖြင့်ကို သူ့လက်ရာတွေမှာ ထည့်သွင်းကိုင်တွယ်လေ့ရှိပါတယ်။ Delfina in London (2020)၊ ACC in New York (2017)၊ IASPIS in Umeå, Sweden (2016)၊ International Residence at Recollets, Paris (2015)၊ 3331 in Tokyo (2010) စသဖြင့် ဌာနေအနုပညာရှင်အဖြစ် လာရောက်နေထိုင်ရန် ဖိတ်ကြားခံရပြီးဖြစ်ပါတယ်။ သူ့လက်ရာတွေဟာလည်း The Street-Where The World Is Made” in MAXXI (2018)၊ Political Acts: Pioneers of performance art in Southeast Asia in Melbourne (2017)၊ CAFAM Biennale, Beijing (2013)၊ Busan Biennale (2012) စတဲ့ စုပေါင်းပန်းချီပြပွဲတွေမှာ ထည့်သွင်းပြသခံရပါတယ်။ Hugo Boss Asia Art Award 2015 ရဲ့ နောက်ဆုံးအဆင့် ဆန်ခါတင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မှာ အခြေချသူဖြစ်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက နိုင်ငံရေးလှုပ်ရှားမှုကြောင့် အာဏာရှင်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မကြာသေးမီကမှ ထောင်ကပြန်လွတ်လာသူဖြစ်ပါတယ်။

Moe Satt b. 1983, Yangon, Myanmar. Moe Satt is a conceptual and performance artist, as well as a curator. In 2008, he founded and organized Beyond Pressure, an international festival of performance art in Myanmar. In his works, which span various mediums from photography, sculpture, to video and sound installations, Moe Satt addresses provocative social and political issues in military-ruled Myanmar, such as the role of religion and that of the individual in society. He has been invited to several artist-in-residence programs, among others, Delfina in London (2020), ACC in New York (2017); IASPIS in Umeå, Sweden (2016); International Residence at Recollets, Paris (2015) and 3331 in Tokyo (2010). His work has been featured in several group exhibitions, including The Street-Where The World Is Made” in MAXXI (2018), Political Acts: Pioneers of performance art in Southeast Asia in Melbourne (2017); CAFAM Biennale, Beijing (2013); and Busan Biennale (2012). He was a finalist for the Hugo Boss Asia Art Award 2015. He lives and works in Yangon, Myanmar. A couple of months ago, he was detained by the military junta for being involved in protests. He recently just got out of prison.

24 October

Cooking Session: Moe Satt
2021

မိုးစက်ဟာ သူထောင်ထဲမှာစားခဲ့ရတာတွေကို ချက်ပြုတ်ပြမှာဖြစ်ပါတယ်။ အာဏာရှင်စစ်တပ်ရဲ့ ၉၅ရက်ကြာ ထောင်သွင်းအကျဉ်းချခြင်းကိုခံခဲ့ရသူ မိုးစက်ဟာ ထောင်ကကျွေးတဲ့ နေ့လယ်စာ ပဲဟင်း ညစာချည်ရည်ဟင်းတို့ကို နေ့စဉ်စားခဲ့ရပါတယ်။ တစ်ပတ်ကို အသားဟင်း ၄ကြိမ် ကြက်ဥ ၂လုံးလည်းစားခဲ့ရပါတယ်။ ဒါ့အပြင် ငါးပိနဲ့ ငါးပိကြော်ဟာ ကြာရှည်အထားခံတဲ့အတွက် ထောင်တွင်းနာမည်ကြီးအစားအစာဖြစ်ပါတယ်။ အကျဉ်းသားအများစုဆီ မိသားစုဝင်တွေနဲ့မိတ်ဆွေတွေက အစားအစာပါဆယ်ထုပ်တွေပို့ကြတိုင်းမှာ ငါးပိကြော်ပါလေ့ရှိပါတယ်။ အသားဟင်းမကျွေးတဲ့ရက်တွေမှာဆို ပဲဟင်းနဲ့ချဉ်ရည်ဟင်းကို ငါးပိကြော်နဲ့ တွဲစားကြရပါတယ်။ ကြက်ဥကျွေးတဲ့နေ့တွေမှာ ကြက်ဥပြုတ်ပဲကျွေးတာမို့ အကျဉ်းသားတွေဟာ ကြက်ဥပြုတ်ကို မျိုးစုံကြံဖန်လုပ်စားကြလေ့ရှိပါတယ်။ ကြက်ဥသုပ်ဟာ မိုးစက်ရဲ့စမ်းသပ်မှုတွေကနေ ပေါ်ထွက်လာတဲ့ ထောင်တွင်းကြံဖန်ကြက်ဥဟင်း ဖြစ်ပါတယ်။

The artist cooks food related to his life in prison. The military junta detained him for 95 days in prison, wherein everyday he was served bean soup for lunch and water spinach soup for dinner. Along with this, he was served meat four times and two eggs a week. In addition, there is Ngape, a fish paste, and fried Ngape is a popular dish in prison, because it can be preserved for a long time. Most of the prisoners got fried Ngape in their food parcels sent by family and friends. When it is no meat day, they have to eat bean soup or water spinach soup with fried Ngape.